၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက် ည ၈ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဇော်ဂျီလမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့မှ အနောက်သို့ အဆိုပါရပ်ကွက်နေ တင်ထွန်းအောင်(၅၃)နှစ် မောင်းနှင်လာသော YGN-43/ 5Q-XXXX TOYOTA VANGUARD အဖြူရောင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ ဦးကာယု(၈၀)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးကာယုတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် တင်ထွန်းအောင် အား လမ်းမတော်မြို့မရဲစခန်း ယာဉ်(ပ) ၁၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၌ လမ်းဖြတ်ကူးသူအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သည့် မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။