Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဝန်ထမ်းအိမ်ရာပေါ်သို့ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ လုံးပတ် ၃ ပေ၊ အမြင့် ၃၅ ပေခန့်ရှိ ကုက္ကိုပင်သည် လေပြင်းတိုက်ခတ်မှုကြောင့် လူနေထိုင်မှုမရှိသည့် ဝန်ထမ်းအိမ်ရာပေါ်သို့ လဲကျပိမိနေကြောင်း သတင်းရရှိသဖြင့် ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၄ နာရီ ၄၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။