Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ ပန်းသုံးဝဘုန်းတော်ကြီးကျောင်းတွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက် နံနက် ၈ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ ပန်းသုံးဝဘုန်းတော်ကြီးကျောင်းတွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုသည် အရာထမ်း၊ အမှုထမ်းများနှင့်အတူ ကျောင်းထိုင်ဆရာတော်ထံသို့ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီနှင့် ဝတ္ထုငွေ၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၂,၄၁၈,၀၀ဝိ/- လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ ပန်းသုံးဝဘုန်းတော်ကြီးကျောင်းတွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံ။