၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက် နံနက် ၆ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်ရပ်ကွက်ရှိ သံဃာ့ဩဝါဒခံ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍပတ်ဆွမ်းလောင်းအသင်း (၁၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒဿမအကြိမ်မြောက် ပိဏ္ဍပါတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း ဦးဆောင်၍ ဒေသခံ ပြည်သူများ စုစုပေါင်း ၁၈၀၀ ဦးခန့်ဖြင့် ညောင်ရွှေမြို့ရှိ စာသင်တိုက်နှင့် ဘုန်းကြီးကျောင်း ၆ ကျောင်းတို့မှ သံဃာတော်အရှင်သူမြတ် ၆၀၀ ပါးတို့အား ပိဏ္ဍပါတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်ရပ်ကွက်ရှိ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍပါတ် ဆွမ်းလောင်းအသင်းမှ ပိဏ္ဍပါတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူမှု မှတ်တမ်းဓာတ်ပုံ။