Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် လမ်းဘေးဝဲယာရေမြောင်းတူးဖော်ရှင်းလင်းခြင်း၊ ကျောက်စီရေမြောင်းတူးဖော်ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)၏ ၂၀၂၅- ၂၀၂၆ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေမှ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်း ၁၅.၄၉ ကီလိုမီတာ - ၁၆.၃၉ ကီလိုမီတာအတွင်း လမ်းဘေးဝဲယာ ရေမြောင်းတူးဖော် ရှင်းလင်းခြင်း၊ ကျောက်စီ ရေမြောင်းတူးဖော်ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊  စကုမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် လမ်းဘေးဝဲယာရေမြောင်းတူးဖော်ရှင်းလင်းခြင်း၊ ကျောက်စီရေမြောင်းတူးဖော်ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။