၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ပဲခူး-သနပ်ပင်ကားလမ်း၊ ဘော်ဖြူရိုးတံတားအနီးတွင် ပဲခူးမြို့မှ သနပ်ပင်သို့ ယာဉ်မောင်း ဦးအောင်ဆန်း မောင်းနှင်လာသော ယာဉ်အမှတ် YGN-22 9K/XXXX NISSAN CARAVAN အမျိုးအစား (အဖြူရောင်) ယာဉ်သည် အရှေ့မှဆိုင်ကယ်အားကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ သနပ်ပင်မှပဲခူးသို့ ယာဉ်မောင်း ဦးကောင်းမြတ်ထွဋ်ဇော် မောင်းနှင်လာသော ယာဉ်အမှတ် BGO-11 4P/XXXX FORLAND ယာဉ်၏ ညာဘက်ခြမ်းအား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သနပ်ပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၅၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် NISSAN CARAVAN ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား သနပ်ပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပါကြောင်းနှင့် ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ဦးအောင်ဆန်းနှင့် ဦးကောင်းမြတ်ထွဋ်ဇော်တို့အား သနပ်ပင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

