Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူ အမျိုးသား တစ်ဦးအား ဖမ်းဆီး အရေးယူ

     ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်က လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
   ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက တာခွကျေးရွာတိုးဂိတ်အနီးတွင် မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်-ပြည်ကားလမ်းအတိုင်း မှော်ဘီမြို့နယ်ဘက်မှ တိုက်ကြီးမြို့နယ်ဘက်သို့ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာနေ ကျော်လင်းထွန်း(ခ)ကုလား(၂၉)နှစ် စီးနင်းလာသည့် LUOJIA 110-22 အမျိုးအစား နီ/နက်ရောင်  မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ဖြစ်ကြောင်း သိရှိရသဖြင့် ကျော်လင်းထွန်း(ခ)ကုလားအား တိုက်ကြီးမြို့မရဲစခန်း (ပ)၁၁၀/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။