၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အမှတ်(၁၀)ရပ်ကွက်နေ စန္ဒာဝင်း(၂၄)နှစ်နှင့် ရွှေစင်ဝင်း(၂၅)နှစ် တို့အားလည်းကောင်း၊ အလားတူ စစ်ကိုင်းမြို့အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်ကျေးရွာနေ ဌေးဝင်း(၄၇)နှစ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မန်ကျည်းစဉ်ရပ်ကွက်နေ အာကာဟိန်း(၂၁)နှစ်တို့အားလည်းကောင်း။
အလားတူ မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်နေ အောင်ပြည့်စုံ(၃၀)နှစ်နှင့် ဂွေးကုန်းရပ်ကွက်နေ စိုးဝင်း (၄၀)နှစ်တို့အား လည်းကောင်း၊ အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်နေ ဘိုသင်း(၄၉)နှစ်အားလည်းကောင်း။
ထို့အတူ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူ သထုံမြို့နယ်၊ နောင်ကုလားပန်တိမ်ရွာနေ နေတိုး(၂၁)နှစ်နှင့် ပုတိန်ရိုးကျေးရွာနေ လိန်းနိုင်း (၄၈)နှစ်တို့အားလည်းကောင်း၊ အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ရေးမြို့၊ အဏ္ဏဝါရပ်ကွက်နေ ဝဏ္ဏထွန်း(၃၃)နှစ်အားလည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။