Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ အိမ်မဲ-မြောင်းမြသွားကားလမ်း မိုင်တိုင်အမှတ် ၅၈ မိုင် ၂ ဖာလုံ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သရက်ကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြောင်းမြမြို့ဘက်မှ အိမ်မဲမြို့ဘက်သို့ မြောင်းမြမြို့နယ်၊ မကျည်းကုန်းကျေးရွာနေ အောင်ပြည့်ဖြိုး(၂၇)နှစ် မောင်းနှင်ပြီး မြောင်းမြမြို့နယ်၊ ရွာသစ်ကျေးရွာနေ ကိုကိုအောင်(၃၈)နှစ် လိုက်ပါလာသော  AYY/ 81W-XXXX HONDA RSX  အပြာရောင် မော်တော်ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ မြောင်းမြမြို့၊ အထက်ပိုင်းရပ်ကွက်နေ ဦးတင်စိုး(၅၈)နှစ် မောင်းနှင်လာသည့် MDY-16/8E-XXXX I-ZONE အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့်  အောင်ပြည့်ဖြိုးနှင့် ကိုကိုအောင်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် အောင်ပြည့်ဖြိုး အား သရက်ကုန်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၌ ယာဉ်တိုက်မှု မှတ်တမ်းဓာတ်ပုံ။