၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ ဘုရားလေးဆူဘုန်းတော်ကြီးကျောင်း၌ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မြို့နယ်မြေစာရင်းလက်ထောက်ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ ဘုရားလေးဆူဘုန်းတော်ကြီးကျောင်း၌ နယ်မြေလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။