၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လားရှိုးမြို့အဝင် ရေပူစမ်းလမ်းဆုံအနီး၌ လားရှိုးမြို့မှ မူဆယ်မြို့သို့ ယုံလင်(၂၈)နှစ် မောင်းနှင်လာသော SHN-38/5Q-XXXX BYD F3 အမျိုးအစား အနက်ရောင် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်အနောက်ခန်း ထိုင်ခုံနောက်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၈,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၃၉၀) ဖမ်းဆီးရမိသဖြင့် ယုံလင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။