Language: Myanmar English

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာအနီး၌ ကျော်မင်းထက်(၂၁)နှစ် မောင်းနှင်ပြီး ဒေါ်လှဦး (၆၁)နှစ် လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ခရီးဆောင်အိတ်အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းစိမ်း ၃၀ ကီလို(တစ်ကီလိုလျှင် ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၃၆၀) ဖမ်းဆီးရမိခဲ့ကြောင်း။
     အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ မန္တလေးမြို့ဘက်မှ မြစ်ကြီးနား မြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ဒေါ်မြင့်မြင့်ခိုင်(၄၇)နှစ်၊ ဒေါ်ရွယ်(၆၁)နှစ်၊ ဒေါ်သီတာကျော်(၄၈)နှစ်၊ ဒေါ်ခင်နွဲ့ဦး(၆၃)နှစ်နှင့် ဒေါ်နေခြည်ဦး(၄၁)နှစ်တို့ထံမှ ဘိန်းစိမ်း ၂၂ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၇၀)နှင့် ဘိန်းဆီခဲ ၁၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၄ သိန်းနှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၁၀၊ စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၄၈၀)တို့အား ဖမ်းဆီးရမိသဖြင့် ကျော်မင်းထက်၊ ဒေါ်လှဦး၊ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါ်ရွယ်၊ ဒေါ်သီတာကျော်၊ ဒေါ်ခင်နွဲ့ဦး၊ ဒေါ်နေခြည်ဦးတို့ ခြောက်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရစဉ်။