Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်နေ လှိုင်ဖြိုးကျော် (၁၈)နှစ်အားလည်းကောင်း။
     အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်နေ အောင်မင်း(၃၆)နှစ်အားလည်းကောင်း၊ အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်နေ စိုးဝင်း(ခ)ဝါးပလွေ(၃၈)နှစ်နှင့် သထုံမြို့၊ အောက်ကျင်း ရပ်ကွက်နေ စိုးမြင့်ဝင်း(၃၈)နှစ်တို့ နှစ်ဦးအားလည်းကောင်း၊ အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ ကျိုက်ထိုမြို့နယ်၊ သုံးခွ ကျေးရွာနေ သက်နောင်(၄၃)နှစ်အားလည်းကောင်း၊ အလားတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာနေ ဉာဏ်ဝင်း(၂၆)နှစ်အားလည်းကောင်း၊ အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့၊ ဇေယျာမြိုင် ရပ်ကွက်နေ မရွှန်းလဲ့ဝင်း(၁၉)နှစ်အား လည်းကောင်း။
     ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်နေ အောင်သက်ပိုင်ဦး(၂၁)နှစ်နှင့် ပေါက်ကုန်းရပ်ကွက်နေ လှိုင်မင်းထွန်း(၂၂)နှစ်တို့ နှစ်ဦးအား လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်ဖြိုးကျော်၊ အောင်မင်း၊ စိုးဝင်း(ခ)ဝါးပလွေ၊ စိုးမြင့်ဝင်း၊ သက်နောင်၊ ဉာဏ်ဝင်း၊ မရွှန်းလဲ့ဝင်း၊ အောင်သက်ပိုင်ဦးနှင့် လှိုင်မင်းထွန်းတို့ ကိုးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။