Language: Myanmar English

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် နေရာများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

      ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် သလဲဦးကျေးရွာအုပ်စု၊ သလဲဦးအင်းကျေးရွာရှိ ဘုရားကျိမ်းကျောင်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် မိုင်းသောက်ကျေးရွာရှိ မိုင်းသောက် တံတားသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် နေရာများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။