Language: Myanmar English

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နမ်းပန်မြို့၊ တောင်ပို့နီကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နမ်းပန်မြို့၊ တောင်ပို့နီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း(တောင်ကြီးမြို့)မှ ဖွင့်လှစ်ခဲ့သည့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နမ်းပန်မြို့၊ တောင်ပို့နီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။