၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ကျေးရွာအနီး၌ မန္တလေးမြို့မှ မြဝတီမြို့သို့ အောင်ကျော်ထွန်း မောင်းနှင်ပြီး မကြေးမုံဝင်း၊ ကျော်မျိုးအောင်နှင့် မရွှေရည်တို့ လိုက်ပါလာသော SHN-38/EE-XXXX NISSAN AD VAN မော်တော် ယာဉ်အား ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ၎င်းတို့သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၂,၈၃၆ ဘီလီယံ တန်ဖိုးရှိ ဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၃၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water ၂၂ ဒသမ ၆ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၆,၇၈၀)၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၇ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၄၂၅ သိန်း)၊ ကတ်တမင်း ၁၄ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၄,၂၀၀ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား (ဒေသကာလ တန်ဖိုး ငွေကျပ် ၁,၀၈၀ သိန်း)တို့အား ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့နေ ညီညီထွေး(ခ)Sunသည် မိုင်းရယ်မြို့မှ မြဝတီမြို့နေ မျိုးဇော်ငြိမ်းထံသို့ ပို့ဆောင်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။