Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ဂျင်ဝိုင်းလောင်းကစားပြုလုပ်နေသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ဂျင်ဝိုင်း လောင်းကစား ပြုလုပ်နေသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

   ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ရွှေညောင်ဖူးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ပျော်ဘွယ်မြို့နယ်၊ ပင်သောင်းကျေးရွာထိပ်ရှိ လယ်စောင့်တဲသို့ သွားရောက်စစ်ဆေးခဲ့ရာ တဲအတွင်း၌ အဆိုပါကျေးရွာနေသူများဖြစ်သော ဆရာကျောင်း(ခ)အောင်ဝင်းနိုင်(၅၂)နှစ်၊ မြတ်နိုင်ဦး(၃၅)နှစ်နှင့် သန်းနိုင်စိုး(၃၂)နှစ်တို့ သုံးဦးအား ဂျင်ဝိုင်းလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေကျပ် ၁၀၁ သိန်းနှင့်အတူ ဂျင်ဝိုင်းလောင်းကစားပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဆရာကျောင်း(ခ)အောင်ဝင်းနိုင်ပါ သုံးဦးအား ရွှေညောင်ဖူးနယ်မြေ ရဲစခန်း (ပ)၁၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ဂျင်ဝိုင်းလောင်းကစားပြုလုပ်နေသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။