၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်နေ မင်းထက် (၁၉)နှစ်အား လည်းကောင်း။
အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ အောင်လင်းထိုက်(ခ)ဖိုးလုံး(၃၈)နှစ်အား လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်နေ သက်နိုင်ဦး(၄၆)နှစ်အား လည်းကောင်း၊ ချောင်းဆုံ မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ ချောင်းဆုံမြို့နယ်၊ ဝယ်လမ်းကျေးရွာနေ အောင်မင်းခန့်(ခ)ပြူးလေး(၁၉)နှစ်အား လည်းကောင်း၊ ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ မြင့်ထွေး(၄၁)နှစ်အား လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် မင်းထက်၊ အောင်လင်းထိုက်(ခ)ဖိုးလုံး၊ သက်နိုင်ဦး၊ အောင်မင်းခန့်(ခ) ပြူးလေးနှင့် မြင့်ထွေးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။