Language: Myanmar English

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မေတ္တာ ရပ်ကွက်၊ အောင်(၃)အောင်လမ်းဆုံ၌ ရေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာနေ အောင်နိုင်လင်း (၂၂)နှစ် မောင်းနှင်လာသည့် YGN/4J-XXXX HIJET မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်နိုင်လင်း အား ရေးမြို့မရဲစခန်း၌ လည်းကောင်း။

    အလားတူ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရတနာပုံ တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နေ အောင်နိုင်ဦး(၄၀)နှစ် မောင်းနှင်လာသည့် YGN-7/7J-XXXX NISSAN X-TRAIL မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်နိုင်ဦး အား စစ်ကိုင်းမြို့မ ရဲစခန်း၌ လည်းကောင်း ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များ၏ မှတ်တမ်းဓာတ်ပုံ။