၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့၍ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် ည ၁၂ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၉ မိုင် ၇ ဖာလုံနှင့် ၁၀၀ မိုင်အကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ (၃)ရပ်ကွက်နေ နေလင်းဖြိုး(၂၇)နှစ် မောင်းနှင်လာသည့် MDY-15/9Q-XXXX SCANIA EXPRESS ခရီးသည်တင်မော်တော်ယာဉ်သည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဆေးရုံရပ်ကွက်နေ ပြည့်ဖြိုးအောင်(၃၇)နှစ် မောင်းနှင် လာသည့် YGN-43/7D-XXXX TOYOTA IPSUM မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် TOYOTA IPSUM မော်တော်ယာဉ်ပေါ်ပါ ဒေါ်အေးအေးစန်း(၃၄)နှစ်၊ ဒေါ်ငယ်လေး(၄၄)နှစ်နှင့် ဒေါ်လှလှမိုး(၄၂)နှစ်တို့ သုံးဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် နေလင်းဖြိုး အား မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင် မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေမှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။