၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ကြရန် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ကြရန် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။