၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ မြို့နယ်အားကစားခန်းမ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၅၀၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ မြို့နယ်အားကစားခန်းမ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။