၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် စီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ ဆရာစံရပ်ကွက်နေ ဇော်ထွန်း(ခ)စပန့်(၄၅)နှစ်၊ သထုံ မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ ကျိုက်ကော်ရပ်ကွက်နေ သန်းလင်းဦး(၄၃)နှစ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာနေ သိန်းစိုး(၅၄)နှစ်၊ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ ကဒါရပ်ကွက်နေ စိုးမင်းအောင်(၃၀)နှစ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ သိန်းကုန်းပိုင်းနေ ကြည်မောင်(၅၆)နှစ်တို့အား ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။





မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် စီးနင်းသူများအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။