၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မရပ်ကွက်ရှိ မြို့မဈေးတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအေးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မဈေးတို့တွင် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။