Language: Myanmar English

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်ကားလမ်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းပြတ်တောက်မှုအား ကြည့်ရှုစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ရှိ မိုင်းဆတ်-တာချီလိတ်ကားလမ်း နမ့်ကျန့်တံတားချဉ်းကပ်ခုံအနီး၌ ၁၅ ပေခန့် ကားလမ်း ပြတ်တောက်မှုနှင့် ကားလမ်းပေါ်ရေကျော်မှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ကားလမ်းပြတ်တောက်မှုဖြစ်သည့်နေရာအား မြေသားများဖို့ခြင်းနှင့် ရေလမ်းလွှဲလုပ်ခြင်းများ ဆောင်ရွက်မှုအခြေအနေနှင့် မြို့သစ်ရပ်ကွက်ရှိ နမ့်ခုတ်ချောင်းတံတား ကြံ့ခိုင်မှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ် ကားလမ်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းပြတ်တောက်မှုအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။