၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားကျေးရွာ၊ သန္တာလမ်းရှိ ပတ္တမြားလူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်း၏ အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးထူးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားကျေးရွာရှိ ပတ္တမြားလူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်း၏ အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။