၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နံနက် ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာ၌ စောင့်ဆိုင်းနေစဉ် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းစီရှဲန်(၄၁)နှစ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် စိုင်းမွန်း(၃၆)နှစ် မောင်းနှင်လာသော မော်တော် ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့နှစ်ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၄၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၇,၀၀၀) အား ဖမ်းဆီးရမိသဖြင့် စိုင်းစီရှဲန်နှင့် စိုင်းမွန်းတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။