Language: Myanmar English

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်နေ ကျော်စိုးဝင်း(၄၃)နှစ်၏ ကုန်စုံဆိုင်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ ကျော်စိုးဝင်းအား သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၁၅၁/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။