၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ စပါးရွှေဝါလမ်းမကြီး၊ “မြင့်မိုရ်” ကိုယ်ပိုင်အထက်တန်းကျောင်းအနီးအရောက်၌ မြို့တွင်းမှ မြိတ်ပြည်သူ့ဆေးရုံကြီးဘက်သို့ မြိတ်မြို့၊ ပုလဲဒီပါရပ်ကွက်နေ ဦးမိုးဝေ (၆၇)နှစ် မောင်းနှင်လာသည့် MDY-15/5D-XXXX TOYOTA MARK II မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် မိုးဝေ အား (ပ)၁၅၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။