၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျောက်တလင်းကျေးရွာထိပ်၊ မိုင်တိုင်အမှတ် ၁၄၈/၀ နှင့် ၁၄၈/၁ ကြားတွင် လုံးပတ် ၁၀ ပေ၊ အမြင့် ၁၀၀ ပေခန့်ရှိ ကုက္ကိုပင်သည် မိုးရွာသွန်းမှုကြောင့် လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် အုတ်တွင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၄ နာရီ ၂၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။