Language: Myanmar English

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း လိုင်စင်အသစ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “မယ်လောင်း” သားဖွားဆေးခန်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း လိုင်စင်အသစ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးနေသည့် မှတ်တမ်းဓာတ်ပုံ။