Language: Myanmar English

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၌ ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ တင်ပြတောင်းခံထားသည့် စာသင်ကျောင်းများတွင် လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ပေါ်ရှိ ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ တင်ပြတောင်းခံထားသည့် အခြေခံပညာမူလတန်းကျောင်း (ကောင်းမှု)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(မန့်ဝိန်း)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(စွမ်စော်)ကျောင်းများသို့ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ လုပ်ငန်းလိုအပ် ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး ဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းတာဝန် ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၌ ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ တင်ပြတောင်းခံထားသည့် စာသင်ကျောင်းများတွင် လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးနေသည့် မှတ်တမ်းဓာတ်ပုံ။