Language: Myanmar English

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စုနှင့် သီခေါင်ကျေးရွာ ကြိုးပြင်သစ်တောအတွင်း ထင်းရှူးပင်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအနီး ၅ ဧကရှိ ထင်းရှူးပင်များ စိုက်ပျိုးထားရှိမှုအခြေအနေ၊ မြေပြုပြင်ထားရှိမှု အခြေအနေများနှင့် သီခေါင်ကျေးရွာအုပ်စု၊ သီခေါင်ကြိုးပြင်သစ်တော၊ သီခေါင်တောင် ဗျူးပွိုင့်အနီးရှိ ထင်းရှူးစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအခြေအနေများအား ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စုနှင့် သီခေါင်ကျေးရွာ ကြိုးပြင်သစ်တောအတွင်း ထင်းရှူးပင်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးနေသည့် မှတ်တမ်းဓာတ်ပုံ။