Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုစုပေါင်း အင်အား ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲတွင် ဆုရကျောင်းသား/ သူများအား ဆုချီးမြှင့်နေသည့် မှတ်တမ်းဓာတ်ပုံ။