Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦးအား ဝင်ရောက်တိုက်မိ၍ သေဆုံး

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦးအား ဝင်ရောက်တိုက်မိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၅)လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ထန်းတပင်မြို့နယ်၊ လမုကျေးရွာနေ ခင်မောင်အေး(၆၀)နှစ် မောင်းနှင်လာသည့် MDY-12 7R/XXXX CHEVROLET TRAX မော်တော်ယာဉ်သည် အမှတ်(၅)လမ်းအတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ မောင်းနှင်လာစဉ် မြရတနာလမ်းအလွန်အရောက်၌ လမ်းဖြတ်ကူးသူ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျောင်းစုကျေးရွာနေ ဦးစိုးမြင့်(၆၁)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးစိုးမြင့်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ခင်မောင်အေးအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦးအား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။