မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက်တွင် ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်နေ ဟန်စော(၃၃)နှစ်အားလည်းကောင်း၊ မုဒုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်နေ စိုးသိန်းဦး(၁၉)နှစ်နှင့် မြို့မ(၃)ရပ်ကွက်နေ ဗညားမွန်(၃၉)နှစ်တို့အားလည်းကောင်း၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်နေ စိုးမိုးထိုက်(၄၃)နှစ်အားလည်းကောင်း၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့နယ်၊ ရွှေမြိုင်သီရိရပ်ကွက်နေ ညီညီနိုင်(၃၉)နှစ်အားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။


မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံများ။