ရှမ်းပြည်နယ်၊ ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် ည ၉ နာရီတွင် ကလောမြို့နယ်၊ အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ ပင်းတယလမ်းပေါ်အရောက်၌ အဆိုပါရပ်ကွက်နေ ရဲဇော်ဖြိုး(၃၁)နှစ်အား အရိုး/အသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရဲဇော်ဖြိုးအား အောင်ပန်းနယ်မြေရဲစခန်း၌လည်းကောင်း။
အလားတူ ဇူလိုင် ၁၈ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအရောက်၌ အဆိုပါကျေးရွာနေ တေဇာထွန်း(ခ)ဖိုးလပြည့်(၂၇)နှစ်အား အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တေဇာထွန်း(ခ)ဖိုးလပြည့်အား မြစ်ငယ်နယ်မြေရဲစခန်း၌လည်းကောင်း လက်နက်ဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။