Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် ပြည်မြို့၊ နဝဒေးရပ်ကွက်၊ နဝဒေးလမ်းမကြီးပေါ် Sunlight ဆီဆိုင်အနီးတွင် အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နဝဒေးတံတားဘက်မှ နိဗ္ဗိန္ဒလမ်းဆုံဘက်သို့ နတ္တလင်းမြို့နယ်၊ အောင်သာယာကျေးရွာနေ ကျော်ဇင်ဝင်း(၂၃)နှစ် မောင်းနှင်လာသည့် YGN-8 2N-XXXX TOYOTA CROWN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျော်ဇင်ဝင်းအား ပြည်မြို့မရဲစခန်း (ပ)၇၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။