Language: Myanmar English

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး၊ မိုင်တိုင်အမှတ် ၉၉/၁ အနီးတွင် ဆီဘောက်ဆာယာဉ် တစ်စီး တိမ်းမှောက်မှု

      ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး၊ မိုင်တိုင်အမှတ် ၉၉/၁ အနီးတွင် ရန်ကုန်မှ မော်လမြိုင်သို့ ယာဉ်မောင်း ဦးစိန်သန်းဦး မောင်းနှင်လာသော 92 ဓာတ်ဆီ ၃၂၀၀ ဂါလန်၊ ပရီမီယမ်ဒီဇယ် ၆၄၀၀ ဂါလန် တင်ဆောင်လာသော ဂါလန် ၉၆၀၀ ဆံ့ NISSAN KYN-4 2C/XXXX တွဲအမှတ် KYN-2ILR/XXXX ခဲရောင် ၂၂ ဘီး ဆီဘောက်ဆာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၍ ဆီယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် မီးလောင်မှုမဖြစ်ပွားစေရန် အအေးပေးခြင်းလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။ 
     အဆိုပါဖြစ်စဉ်ကြောင့် NISSAN DIESEL ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား ငါးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ NISSAN DIESEL ယာဉ်၏ ယာဉ်မောင်း ဦးစိန်သန်းဦးအား ကျိုက်ထိုမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။