၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက်တွင် ရေးမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာနေ ချမ်းထော(၂၄)နှစ်အားလည်းကောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ စခန်းကြီးကျေးရွာနေ အောင်ပိုင်စိုး(၃၂)နှစ်အားလည်းကောင်း၊ ချောင်းဆုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ တောင်စွန်းကျေးရွာနေ ဥက္ကာမင်း(၁၆)နှစ်အားလည်းကောင်း၊ ကျိုက်မရောမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ စမ်းနှစ်ခွကျေးရွာနေ မာမက်ရာဂျူး(၃၈)နှစ်အားလည်းကောင်း၊ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘိုင်လောင်းကျေးရွာနေ ဇော်ထက်အောင်(၂၅)နှစ်အားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။



မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံများ။