Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြရတနာရပ်ကွက်၊ A6 လမ်းရှိ နေအိမ် မီးလောင်မှု

      ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြရတနာရပ်ကွက်၊ A6 လမ်းရှိ ပိုင်ရှင် ဒေါ်မှုံ၏ ၁၈ x ၆၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ပျဉ်ကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောင်းမြခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ် ခဲ့ရာ နံနက် ၁၁ နာရီတွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် ၁၈ x ၆၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ ၁၅ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း တစ်ထပ် နေအိမ် တစ်လုံး၊ ၁၂ x ၁၈ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း တစ်ထပ် နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်မှုံအား မြောင်းမြမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။