၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုန်းညက်လမ်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာကွန်ကရစ်(AC)လမ်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ စုစုပေါင်း အင်အား ၂၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားအား ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ပုန်းညက်လမ်း၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ကတ္တရာကွန်ကရစ်(AC)လမ်း ဖွင့်ပွဲကျင်းပမှု
မှတ်တမ်းဓာတ်ပုံ။