Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ ပန်းခြံလမ်းရှိ “AKB” ဆိုးပြား စက်ရုံ မီးလောင်မှု

      ၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ ပန်းခြံလမ်းရှိ ပိုင်ရှင် ဦးကျော်ဦး၏ “AKB” ဆိုးပြားစက်ရုံဝင်း အတွင်း၌ ၁၅ x ၄၅ ပေ၊ အုတ်ညှပ် နှစ်ထပ် အဆောက်အအုံရှိ ၁၅ x ၃၀ ပေ၊ နောက်အဖီအတွင်း ရော်ဘာစက်မှထွက်ရှိသည့် ရော်ဘာပြားများ ထပ်ထားရာမှ အောင်းပူဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
      အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၄၅ ပေ၊ အုတ်ညှပ် နှစ်ထပ် အဆောက်အအုံ တစ်လုံး၊  ၁၅ x ၃၀ ပေ၊ နောက်အဖီနှင့် ကုန်ကြမ်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မန်နေဂျာ ဦးခင်မောင်ထွေး အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။