Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မင်းရွာရှိ Diamond Brother Co.,Ltd “သံရည်ကျိုလုပ်ငန်း” တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့် ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ မင်းရွာရှိ Diamond Brother Co.,Ltd “သံရည်ကျိုလုပ်ငန်း” တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ ပါသည်။ 
      အဆိုပါအသိပညာပေးဟောပြောပွဲတွင်  မီးလောင်ခြင်းအကြောင်းအရင်းများနှင့် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျ ကိုင်တွယ်ငြှိမ်းသတ်နိုင်ရေး နည်းလမ်းများ၊ မီးသတ်ဆေးဗူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်း၊ ဆီ မီးငြှိမ်းသတ်နည်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်တပ်ဆင်ထားရှိမှု နည်းလမ်းများအား အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ကုမ္ပဏီဝန်ထမ်းများနှင့်အတူ လက်တွေ့ သရုပ်ပြလေ့ကျင်မှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။