Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ သင်တန်း (Dip.EP) အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ အခြေခံပညာကျောင်းမှ ဆရာ/ ဆရာမများ စုစုပေါင်း အင်အား ၁၀၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
      အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခြင်းနှင့် ခရိုင်ပညာရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ပညာရေးဒီဂရီကောလိပ်၊
ပညာရတနာခန်းမ၌ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP)
အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။