၂၀၂၅ ခုနှစ်၊ မတ် ၈ ရက် နံနက် ၁၀ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ Family Hotel တွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက ဆီမီးလောင်မှုကို အောက်ဆီဂျင်ဖြတ်တောက်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းအမျိုးမျိုးကို လက်တွေ့စနစ်တကျ သရုပ်ပြသခြင်း၊ ဟိုတယ်ရှိ မီးပလပ်ခုံများ၊ မီးကြိုးများ ကြံ့ခိုင်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းများကို ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ဟိုတယ်တာဝန်ခံများ၊ ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။