Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 စာမေးပွဲ ဖြေဆိုမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်သည် ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။