၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက် နံနက် ၈ နာရီ ၅၈ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အင်းဝ(၆)လမ်း၊ အောင်ဇေယျအိမ်ရာဝန်းအတွင်းရှိ ပိုင်ရှင် ဦးကျော်ကျော်ထွန်း၏ ၈၀ x ၂၀ ပေ၊ Streel Sturcture နှစ်ထပ် “Heng Chang” ကားအပိုပစ္စည်းသိုလှောင်ရုံတွင် မျက်နှာကြက်ပြုလုပ်ရန် ဟော်လိုပိုက်လိုင်းအား ဝရိန်ဆော်ရာမှ မီးပွားထွက်ပြီး အနီးရှိ ဆိုဖာထိုင်ခုံပေါ်သို့ မီးပွားကျရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၂၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၈၀ x ၂၀ ပေ၊ Streel Sturcture နှစ်ထပ် ကားအပိုပစ္စည်းသိုလှောင်ရုံ အပေါ်ထပ်နှင့် ဆိုဖာခုံများ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးကျော်ကျော်ထွန်းအား လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။