Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၈ လမ်းနှင့် ၆၂ လမ်းထောင့်၊ (ဂ)ရပ်ကွက်ရှိ “Icon electric တပ်ဆင်ရေးလုပ်ငန်း” အဆောက်အအုံ မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၄ နာရီ ၃၂ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၈ လမ်းနှင့် ၆၂ လမ်းထောင့်၊ (ဂ)ရပ်ကွက်တွင် ပိုင်ရှင် ဦးခင်မောင်လှိုင်၏ ၁၅ x ၅၀ ပေ၊ RC နှစ်ထပ် “Icon electric တပ်ဆင်ရေးလုပ်ငန်း” အဆောက်အအုံ၏ အောက်ထပ်ရှိ ၁၅ x ၃၀ ပေ၊ လျှပ်စစ်ပစ္စည်းများထားရှိသည့်အခန်းတွင် ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် အနီးရှိ ဂျပ်ဖာပုံးများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၃၀ ပေ၊ လျှပ်စစ်ပစ္စည်းများထားရှိသည့်အခန်း၏ တံခါးများနှင့် လျှပ်စစ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မန်နေဂျာ ဦးစိုင်းခန့်ဝင်းအား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။