၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ Online Game လောင်းကစားပြုလုပ်သူ နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာနေ ဂျေကိုကို(၂၅)နှစ်၏နေအိမ်၌ Online Game လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အတွင်း၌ ဂျေကိုကိုနှင့် တစ်ရွာတည်းနေ မရွှေဇင်ဝင်း(၂၆)နှစ်တို့ နှစ်ဦးအား Online Game လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်း နှစ်လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ဂျေကိုကိုနှင့် မရွှေဇင်ဝင်းတို့ နှစ်ဦးအား ကျိုင်းတုံမြို့မရဲစခန်း (ပ)၃၆/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ Online Game လောင်းကစားပြုလုပ်သူ နှစ်ဦးအား
သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။